နှစ်သစ်ဦးမှာ Bella သုံးသူ အပေါင်းရဲ့ အလှူ



သာဓုခေါ်နိုင်အောင် မျှဝေပေးပါနော်
၁. မန္တလေးမြို့မှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာနဲ့
၂. ပုသိမ်ကြီးမှYGW ခိုကိုးရာမဲ့ ဘိုးဘွားများစောင့်ရှောက်
ရေးကျောင်းတို့မှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်

ရေးကျောင်းတို့မှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်
Bella သုံးသူတိုင်းရဲ့ အလှူဖြစ်လို့ သာဓုခေါ်ပြီး ..
တခြားအသိ Bella သုံးသူတွေကို ပါ Shareပြီး မျှဝေပေးပါနော်

Bella တို့ရဲ့အလှူက Star လေးတို့အလှူပဲဖြစ်တဲ့အတွက်
နှစ်ဦးအလှူလေးကို ချစ်ရတဲ့ Star လေးတို့ကဝိုင်းပြီး
သာဓုခေါ်ပေးပြီး ချစ်ခင်ရသူတွေကိုပါ မျှဝေပေးရင်းသာဓု
ခေါ်ပေးကြပါနော်

Star လေးတို့သိကြတဲ့အတိုင်း Bella တို့ရဲ့သုံးစွဲသူ
အားလုံးကို ယုံကြည်မှုရှိရှိလှပနေစေဖို့ စျေးနှုန်းသင့်တင့် အရည်အသွေးမှီအလှကုန်များကို ထုတ်လုပ်ခဲ့ပြီး
နိုင်ငံတကာအဆင့်မှီစေဖို့ ကြိုးစားပန်းခဲ့တဲ့အပြင် နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေ စာပေသင်ကြားနိုင်စေဖို့ ဗလာစာအုပ်များလှူဒါန်းခြင်း ၊ ၃ထပ်စာသင်ကျောင်း
ဆောင်ဆောက်လုပ်လှူဒါန်းခြင်း စတာတွေကိုလည်း
ပန်းသီးဖောင်ဒေးရှင်းမှကောက်ယူထားတဲ့ စစ်တမ်းများအရ နိုင်ငံအနှံ့ အလှည့်ကျစနစ်နဲ့ လှူဒါန်းလျှက်ရှိပါတယ

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ညီမငယ်လေးများကို ပညာသင်ထောက်ပံ့ဆုများ
ပေးအပ်ခဲ့တဲ့အပြင် တက္ကသိုလ်ကျောင်းများ မှာလည်း
Bella scholarship အစီအစဉ်ဖြင့်ကျောင်းတက်
ရောက်နိုင်စေရန် စီစဉ်ဆောင်ရွက်ထားပါတယ်

မြန်မာတစ်နိုင်ငံလုံးပျော်ရွှင်စွာရေကစားကြတဲ့
အတာရေသဘင်ပွဲတော်များမှာလည်း နေ့စဉ်လူဦးရေ ၆၀၀၀ ကျော် စားသုံးနိုင်တဲ့ စတုဒီသာ ကိုလည်း
လှူဒါန်းခဲ့ပါတယ်။
ဒီနှစ်မှာတော့ ချစ်ရတဲ့ မန်းမြေမှာ နှစ်ဦးအလှူဖြစ်တဲ့
အဘိုးအဘွားများကို ကိုယ်တိုင်ကိုယ်ကျ ကန်တော့ရင်း အလှှူငွေများနဲ့ နွေရာသီအတွက်အဘိုး အဘွားများရဲ့ အသားအရေကို အေးမြစေမယ့် မြန်မာ့သနပ်ခါးမှ
ထုတ်လုပ်ထားတဲ့ သနပ်ခါး soothing gel နှင့်
ရေဓါတ်ဖြည့် ပစ္စည်းများကိုပါ လှူဒါန်းဖြစ်ခဲ့ပါတယ်။

အဘိုးအဘွားများအား Bella Productတွေရဲ့
အသုံးပြုပုံများကို ရှင်းပြပြောပြ ပေးပြီး ပျော်ပျော်ရွှင်ရွှင်
အပြန်အလှန်စကားပြော ကြည်နူးခဲ့ရတဲ့ Bella ရဲ့
တစ်ရက်တာအမှတ်တရလေးများကို ချစ်ရတဲ့
Star လေးတို့ကြည်နူးပျော်ရွှင် သာဓုခေါ်ကြရစေဖို့
ပြန်လည်မျှဝေလိုက်ရပါတယ်နော်
Bella Be a star
Back to Top